Yarra Valley Water

Menu

Close menu

Burmese မြန်မာ

WaterCare (ရေဆင်ခြင်သုံးခြင်း)

လူ့လောကမှာ စီစဥ်တကျ အမြဲတမ်းတော့ မဖြစ်ကြပါ။. အကယ်၍ ရေသုံးတောင်းခံငွေ အခက်အခဲများကြုံတွေ့နေရပါက သင့်အတွက် သင့်တော်သည့် ဖြေရှင်းချက်ကို ကျွန်ုပ်တို့ ကူရှာပေးနိုင်သည်။

အရစ်ကျပေးချေမည့် အစီအမံများမှ တောင်းခံငွေ ပေးချေရက် တိုးပေးခြင်းများနှင့် သက်သာခွင့်လျှော့စျေးပေးမှုများအထိ သင့်တောင်းခံငွေကို စီမံရန် ကျွန်ုပ်တို့တွင် နည်းလမ်းအမျိုးမျိုးရှိပါသည်။

သင်၏ ရေနှင့် မိလ္လာ ငွေတောင်းခံငွေများ ကူစီမံနိုင်စေရန် မည်သို့ပေးချေရမည့် အကြံဉာဏ်၊ မည်သို့သက်သာအောင် လုပ်ရမည်နှင့် ရရှိနိုင်သော ပံ့ပိုးမှုကိုသုံးစွဲရန် အင်္ဂလိပ်ဘာသာစကား မဟုတ်သော ဘာသာစကားဖြင့် ရေးသားထားသည့် ကျွန်ုပ်တို့၏ ရင်းမြစ်များကို အသုံးပြုပါ။

အကယ်၍ ဖုန်းဖြင့် စကားပြောလိုလျှင် ကျွန်ုပ်တို့တွင် ဘာသာစကား ၄ မျိုးပြောကြသော ရုံးတွင်းအတိုင်ပင်ခံ ပုဂ္ဂိုလ်များရှိကြပြီး အခမဲ့ စကားပြန်ဝန်ဆောင်မှုကို ရရှိနိုင်ပါသည်။

ကျွန်ုပ်တို့အား ဖုန်း ၁၈၀၀ ၃၀၄ ၆၈၈ ဖြင့်ဆက်သွယ်ပါ သို့မဟုတ် ဖုန်းပြန်ခေါ်ပေးစေမည့် ပုံစံကို ဖြည့်စွက်ပါ။
 

ဖုန်းပြန်ခေါ်ပေးစေမည့် ပုံစံ

အရစ်ကျ ပေးချေမည့် နည်းလမ်းများ

WaterCare (ရေဆင်ခြင်သုံးခြင်း) သည် သင့်အခြေအနေနှင့် လိုက်ဖက်မည့် ငွေပေးချေရန် ပံပိုးမှုနှင့် အဆင်ပြေပြေပေးချေနိုင်မှုကို ဆောင်ရွက်ပေးပါသည်။သင့် တောင်းခံငွေများကို ပေးချေရန် အထောက်အကူပြုမည့် နည်းများစွာ ကျွန်ုပ်တို့တွင် ရှိပါသည်။


နည်းလမ်းများ ပိုမိုသိရှိရန် ကျွန်ုပ်တို့အား ဖုန်း ၁၃၀၀ ၃၀၄ ၆၈၈ဖြင့်ဆက်သွယ်ပြီး ကျွန်ုပ်တို့ မည်သို့ကူညီနိုင်သည်ကို သိရှိပါ။


အရစ်ကျပေးချေမည့်အစီစဥ်တစ်ရပ်ကို တည်ဆောက်ပါ

ငွေပမာဏ နည်းနည်းနှင့် အကြိမ်ရေများများ ပေးချေခြင်းမှာ စီမံရ ပိုလွယ်ကူပါသလား။
SmoothPay (သည် သင့်တောင်းခံငွေကို ငွေပမာဏနည်းနည်းနှင့် အကြိမ်ရေများများ ပေးချေရန် နည်းလမ်းတစ်ရပ်ဖြစ်သည်။


သင့်အတွက် အဆင်ပြေမည့် ငွေပေးချေမှု အစီစဥ်ရရှိရန် SmoothPay ကို လျှောက်ပါ သို့မဟုတ် ကျွန်ုပ်တို့၏ အဖွဲ့ကို ဖုန်း ၁၃၀၀ ၃၀၄ ၆၈၈ ဖြင့်ဆက်သွယ်ပါ။


ငွေပေးချေရက် တိုးပေးခြင်းကို လျှောက်ပါ


အကယ်၍ ငွေပေးချေရန် အချိန်အနည်းငယ် ပိုမိုလိုအပ်ပါက ရက်ပေါင်း ၃၀ အထိ ရက်တိုးပေးစေရန် သင် လျှောက်ထားနိုင်သည်။


သင် ယာယီ စိတ်သက်သာမှုလိုအပ်လျှင် ဤနည်းကိုသုံးရန် ကျွန်ုပ်တို့ အကြံပြုပါသည်။

သက်သာခွင့်လျှော့စျေးများ

မည်သူ ရထိုက်သနည်း။


Yarra Valley Water သည် အောက်ပါ ကတ်ပြားများ ကိုင်ဆောင်ထားသူများကို သက်သာခွင့်လျှော့စျေးများ ပေးပါသည်။

Pensioner Concession Card
Centrelink Pensioner Concession Card
Pensioner Concession Card (2nd version)
Centrelink Pensioner Concession Card (2nd version)
Centrelink Healthcare Card
Centrelink Health Care Card
Department of Veteran Affair Health Card
Department of Veteran Affairs Pension Card
Department of Veteran Affair Health Card (2nd Version)
Department of Veteran Affairs Health Card (2nd Version)


သင့်တွင် ဤကတ်ပြားများအနက် တစ်ခုရှိလျှင် ကျွန်ုပ်တို့ထံ စာရင်းသွင်းရန် လိုအပ်သည်။


သင့်အနေဖြင့် အိမ်ထောင်စုတစ်စုလျှင် သက်သာခွင့်လျှော့စျေးကတ်ပြား မျိုးစုံကို စာရင်းသွင်းနိုင်သည် သို့သော် လျှော့စျေးမှာ တစ်ခါသာ အကျုံးဝင်သည်။


လျှော့စျေး မည်မျှ လျှော့ပေးသနည်း။


၂၀၂၃-၂၄ ခုနှစ်အတွက် ရေနှင့် မိလ္လာ ကျသင့်ငွေများအပေါ် ၅၀% အထိ တစ်နှစ်အများဆုံး $354.10 အထိ လျှော့ပေးသည်။


အကယ်၍ သင့်အား တစ်ခုတည်းအတွက် ဥပမာ ရေအတွက်သာ ငွေတောင်းခံလျှင် သင်သည် ရေကျသင့်ငွေ ၅၀% အထိ အများဆုံး $177.05 အထိ သက်သာပါမည်။


ယခင် တောင်းခံငွေများအတွက် လျှော့စျေးကို သင့်ကတ်ပြား စတင်သည့်ရက်မှ ကျွန်ုပ်တို့ နောက်ပြန်ရက်တွက်ချက်ပေးမည် သို့မဟုတ် အကယ်၍ ကတ်ပြားမှာ ၁၂ လထက် သက်တမ်းကျော်ရှိနေလျှင် ၁၂ လအထိ နောက်ပြန်ရက်တွက်ချက်ပေးပြီး လျှော့လိုက်သည့်ငွေ ပမာဏကို စာရင်းတွင် ဖြည့်ထည့်ပေးပါမည်။


မည်သို့ စာရင်းသွင်းရမည်နည်း။


သင် ဝက်ဘ်ဆိုက်  yvw.com.au/concessions တွင် အွန်လိုင်း စာရင်းသွင်းနိုင်သည် သို့မဟုတ် ကျွန်ုပ်တို့ကို ဖုန်း ၁၃၀၀ ၄၄၁ ၂၄၈ ဖြင့်ဆက်သွယ်ပါ။


သင့်တွင် သက်သာခွင့်လျှော့စျေးကတ်ပြား မရှိသော်လည်း ရထိုက်သည်ဟု ထင်မြင်လျှင် Centrelink ကို ဖုန်း ၁၃ ၁၀ ၂၁ ဖြင့်ဆက်သွယ်ပါ သို့မဟုတ် စစ်မှုထမ်းဟောင်း ရေးရာဌာန ဖုန်း ၀၃ ၉၂၈၄ ၆၀၀၀ ဖြင့် ဆက်သွယ်ပါ။


ကျွန်ုပ် စာရင်းသွင်းပြီးသည်နှင့် ဘာဖြစ်လာမည်နည်း။


သင့် သက်သာခွင့်အသေးစိတ်ကို စာရင်းသွင်းပြီးသည်နှင့် ကတ်ပြား သက်တမ်းကုန်ဆုံးသည့်အချိန်အထိ လာမည့်တောင်းခံငွေမှ လျှော့စျေးပမာဏကို ကျွန်ုပ်တို့ နှုတ်ပေးလိုက်ပါမည်။

ရေ မီး ဓာတ်ငွေ့ စရိတ်သက်သာမှု ခွင့်ပြုငွေ

အကယ်၍ သင်သည် ဝင်ငွေနည်း-အိမ်ထောင်စုဖြစ်သည့်အပြင် ငွေရေးကြေးရေး အပိုပံ့ပိုးမှုလိုအပ်လျှင် သင့်အနေဖြင့် ပြည်နယ်အစိုးရ၏ သုံးစွဲမှု သက်သာရေး ခွင့်ပြုရန်ပုံငွေကို ရနိုင်ပါသည်၊ Yarra Valley Water မှ ရေဖိုး ပေးချေရန်အတွက် $650* အထိ ရနိုင်ပါသည်။


မည်သို့လျှောက်ထားရမည်
 

လျှို့လျှို့ဝှက်ဝှက် စကားပြောဆိုရန်နှင့် လျှောက်လွှာပုံစံကို တောင်းဆိုရန် ဖုန်း ၁၈၀၀ ၉၉၄ ၇၈၉ ဖြင့် ကျွန်ုပ်တို့ကို ဆက်သွယ်ပါ သို့မဟုတ် ဝက်ဘ်ဆိုက် yvw.com.au/urgs တွင်ကြည့်ရှုပါ။

*စည်းကမ်းချက်များ သက်ဆိုင်သည်

အိမ်တွင်းအကြမ်းဖက်မှုနှင့် မိသားစုအကြမ်းဖက်မှုကြောင့် ထိခိုက်ခံရသည့် သုံးစွဲသူများအတွက် ပံ့ပိုးမှု

အမြန်ထွက်ရန် နှိပ်ပါ


မိသားစုအကြမ်းဖက်မှုသည် မည်သူမဆိုကို အချိန်မရွေး ဖြစ်ပွားနိုင်သည်ကို ကျွန်ုပ်တို့ နားလည်ပါသည်။

ကျွန်ုပ်တို့၏ စောက်ချဆောင်ရွက်ပေးသည့် WaterCare (ရေဆင်ခြင်သုံးစွဲမှု) ပံ့ပိုးထောက်ကူ အဖွဲ့ကို မိသားစု အကြမ်းဖက်မှု ကြုံတွေ့နေရသည့်လူများအား ကူညီပေးရန် လေ့ကျင့်ပေးထားပါသည်။
သင့်အနေဖြင့် အခြေအနေကို တစ်ခါတည်းသာ ရှင်းပြရန်လိုပါမည်၊ နောက်ထပ်အပို အထောက်အထား မလိုအပ်ပါ။

ကျွန်ုပ်တို့သည် သင့်အား နားလည်ပြီး လေးစားစွာဖြင့် ဆက်ဆံပါမည်၊ ဤခက်ခဲသော အချိန်အခါတွင် ကျွန်ုပ်တို့ ကူညီပေးနိုင်ပါသည်၊ ထို့ပြင် ပေးချေရန်နည်းလမ်းများကို စဥ်းစားရန် သင် လိုသလောက် အချိန်များများ ပေးပါမည်။
 

ဆက်သွယ်ခြင်း
 

အကယ်၍ ကြင်ဖော်ဖက် သို့မဟုတ် မိသားစုဝင်တစ်ဦးက ရေနှင့် မိလ္လာ တောင်းခံငွေများကို မပေးချေဘဲ ထွက်သွားလျှင် သို့မဟုတ် သင့်စာရင်းကို စာရင်းရှင်းပေးရန် အချိန်ပိုလိုအပ်လျှင် ကျွန်ုပ်တို့၏ အတွေ့ကြုံရင့်ကျက်သည့် WaterCare (ရေဆင်ခြင်သုံးစွဲမှု) ပံ့ပိုးရေး အဖွဲ့ကို ဖုန်း ၁၈၀၀ ၆၃၇ ၃၁၆  ဖြင့် နံနက် ၈း၀၀နာရီနှင့် ညနေ ၅း၀၀ နာရီအကြား တနင်္လာမှ သောကြာ ဆက်သွယ်ပါ။

သင် မိသားစု အကြမ်းဖက်မှု ကြုံတွေ့နေရစဥ် အကူအညီတောင်းခံခြင်းသည် ခက်ခဲနိုင်သည်ကို ကျွန်ုပ်တို့ သိပါသည်။ အကယ်၍ ကျွန်ုပ်တို့က သင့်အား ဆက်သွယ်စေလိုလျှင် အောက်ပါ ဖုန်းပြန်ခေါ်ပေးရန် တောင်းဆိုချက်ကို တင်သွင်းပေးပါ၊ ကျွန်ုပ်တို့၏ လေ့ကျင့်ထားပြီး လေးလေးစားစားဆက်ဆံမည့် အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးက ဖုန်းခေါ်ပါလိမ့်မည်။

ငွေပေးချေရန် နည်းလမ်းများ

တိုက်ရိုက်ဖြတ်တောက်ခြင်း (Direct Debit) - တိုက်ရိုက်ဖြတ်တောက်ခြင်းဖြင့် သင့် တောင်းခံငွေကို နောက်ဆုံးပေးရမည့်နေ့ရက်တွင် အလိုအလျောက် ဖြတ်တောက်ပါလိမ့်မည်။

နောက်တစ်နည်းအားဖြင့်၊ သင်၏ ဘဏ်စာရင်း၊ ခရစ်တစ်ယူနီယံ စာရင်း သို့မဟုတ် VISA သို့မဟုတ် Mastercard ဖြင့် အလိုအလျောက် ပေးချေငွေကို သတ်မှတ်ပေးထားနိုင်ပါသည်။

 

အီလက်ထရောနစ်စနစ်ဖြင့် ငွေလွှဲခြင်း (Electronic Funds Transfer (EFT) - EFT သည် ရေဖိုးတောင်းခံငွေကို သင့်ဘဏ်စာရင်းမှတစ်ဆင့် တိုက်ရိုက် ငွေလွှဲခြင်းဖြင့် ငွေပေးချေစေသည်။

 

BPAY - ငွေတောင်းသူ ကုဒ်နံပါတ်နှင့် ရည်ညွှန်းနံပါတ်ကို သိရှိရန် သင့် ငွေတောင်းခံလွှာရှိ BPAY အမှတ်တံဆိပ်ကို ရှာပါ။.  ယင်းနောက် သင်၏ ဘဏ်ကို ဖုန်းခေါ်ရန် လိုအပ်ပါမည် သို့မဟုတ် အင်တာနက်ဖြင့် ဘဏ်ကိစ္စဆောင်ရွက်ခြင်းတွင် ဝင်ရောက်၍ BPAY ကိုရွေးပါ သို့မဟုတ် ငွေပေးချေနည်းကို ရွေးပါ ယင်းနောက် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ပါ။

 

အကြွေးဝယ်ကတ် (Credit card) - သင် အကြွေးဝယ်ကတ်ဖြင့် အွန်လိုင်းမှ သို့မဟုတ် ဖုန်းဖြင့် ပေးချေနိုင်ပါသည်။
VISA သို့မဟုတ် Mastercard ဖြင့် တစ်ရက် ၂၄ နာရီ တစ်ပတ် ၇ ရက် ငွေပေးချေရန် ဖုန်း ၁၃၀၀ ၃၆၂ ၃၃၂ ကိုဆက်ပါ။

AMEX နှင့် Diners Club ကတ်များအား လက်မခံသည်ကို သတိပြုပါ။

 

စာတိုက်ဖြင့် ပေးချေခြင်း (AusPost Billpay) - ငွေသား၊ ချက်လက်မှတ် သို့မဟုတ် အကြွေးဝယ်ကတ်ဖြင့် မည်သည့်သြစတြေးလျစာတိုက်တွင်မဆို လူကိုယ်တိုင် ပေးချေပါ။
ငွေပေးချေသည်ကို စီမံရန် ဘားကုဒ် လိုအပ်မည်ဖြစ်သောကြောင့် သင်၏ ငွေတောင်းခံလွှာကို ယူဆောင်သွားရန် မမေ့ပါနှင့်။

 

Centrepay (စင်တာပေး) - စင်တာလင့် သုံးစွဲသူများအနေဖြင့် မိမိတို့၏ စင်တာလင့် ထောက်ပံ့ကြေးငွေများထဲမှ ပုံမှန် ဖြတ်တောက်ပေးရန် စီစဥ်နိုင်ပါသည်။
ပေးချေငွေများနှင့် ရသုံးစာရင်းကို ပိုမိုလွယ်ကူစွာပင် စီမံရန် SmoothPay ဖြင့် ဤကိစ္စကို ပူးတွဲ၍ သင် လုပ်နိုင်ပါသည်။

Centrepay ကို စီစဥ်ရန် Centrelink ကို ဆက်သွယ်ရန် လိုအပ်ပြီး ၎င်းတို့ကို Yarra Valley Water သုံးစွဲသူ ရည်ညွှန်းနံပါတ် ၅၅၅ ၀၅၄ ၁၁၈T ပေးရန်လိုအပ်ပါမည်။

ဒေါင်းလုဒ်ဆွဲရန် သို့မဟုတ် ဖိုင်များကို ရရှိနိုင်ပါသည်။